Tuesday, 11 December 2018
Everything You Need to Know about IET YTU On Campus
Who we are
IET YTU On Campus is a Yangon Technological University student community established with the support of the Institution of Engineering and Technology.
IET YTU On Campus ဆိုတာကတော့ The Institution of Engineering and Technology(IET) ရဲ့ ကူညီထောက်ပံ့မှုနဲ့ တည်ထောင်ထားပြီး ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသား ကျောင်းသူတွေပါဝင်ဆောင်ရွက်နေတဲ့ အဖွဲ့တစ်ခုပဲဖြစ်ပါတယ်။
What is IET? 
IET is one of the world’s largest engineering institutions, based in United Kingdom, with members from 150 countries all over the world.
IET ဆိုတာကတော့ ကမ္ဘာပေါ်မှာရှိတဲ့ အကြီးမားဆုံး Engineering Institution တွေထဲက တစ်ခုဖြစ်ပါတယ်။ United Kingdom မှာအခြေစိုက်ပြီးတော့ ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်း ၁၅၀ မှာ အဖွဲ့ဝင်တွေရှိပါတယ်။  
What is IET On Campus? 
IET On Campus is a program by IET which supports engineering students from universities all over the world such as Nanyang Technological University, University of Oxford, etc. to work together as a community on their campus in order to promote engineering and technology. This program aims to provide students with the resources, connections, support, and inspiration they need to launch themselves into their careers with confidence.
IET On Campus ဆိုတာကတော့ IET အဖွဲ့အစည်းကနေပြီး Nanyang Technological University, University of Oxford အစရှိတဲ့ နိုင်ငံတကာမှာရှိတဲ့ တက္ကသိုလ်တွေမှာ အင်ဂျင်နီယာနဲ့ နည်းပညာဘာသာရပ်တွေ တိုးတက်ပြန့်ပွားစေဖို့အတွက် စုပေါင်းဆောင်ရွက်လိုတဲ့ တက္ကသိုလ်ကျောင်းသားကျောင်းသူအဖွဲ့တွေကို ဖွဲ့စည်းထောက်ပံ့ပေးတဲ့ အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။ ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ ဒီလိုအဖွဲ့မျိုးမှာ ပါဝင်လှုပ်ရှားခြင်းအားဖြင့် အင်ဂျင်နီယာ ကျောင်းသားကျောင်းသူတွေအနေနဲ့ တက္ကသိုလ်အပြီး လုပ်ငန်းခွင်ဝင်တဲ့အခါ မိမိအရည်အချင်းကိုမိမိ ယုံကြည်စွာနဲ့ လုပ်ဆောင်နိုင်ဖို့ လိုအပ်မယ့် အရည်အသွေးတွေ၊ အချိတ်အဆက်တွေ၊ အသိပညာတွေ၊ အထောက်အပံ့ကောင်းတွေ ရရှိစေနိုင်ဖို့ပဲဖြစ်ပါတယ်။
What is IET YTU On Campus?
IET YTU On Campus is a community of engineering and architecture students from Yangon Technological University who are passionate about promoting Science, Technology, Engineering, and Mathematics (STEM) in Myanmar.
IET YTU On Campus ဆိုတာကတော့ IET On Campus အစီအစဉ်ရဲ့ ထောက်ပံ့မှုနဲ့ အင်ဂျင်နီယာဘာသာရပ်တွေနဲ့ ပတ်သက်ပြီး စိတ်အားထက်သန်တဲ့ ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားကျောင်းသူတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ နဲ့ သချၤာဘာသာရပ်တွေကို တိုးတက်ပြန့်ပွားစေဖို့အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီနိုင်ဖို့ အဓိကရည်ရွယ်ပါတယ်
What will IET YTU On Campus do?
We will be organizing knowledge-sharing workshops and seminars, technical training sessions, fun indoor and outdoor activities, industrial and field visits, online competitions, and innovation challenges designed to help students not only to achieve knowledge and skills on STEM subjects but also to have fun.
ကျောင်းသားကျောင်းသူတွေအနေနဲ့ ပျော်ရွှင်မှုရော အသိပညာရောရနိုင်မယ့် Knowledge-sharing Workshop တွေ၊ Seminar တွေ၊ Technical Training Session တွေ၊ Indoor နဲ့ Outdoor Activity တွေ၊ Industrial နဲ့ Field visit တွေ၊ Online Competition တွေ၊ Innovation Challenge တွေ အစရှိတဲ့ Activity တွေ လုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။
IET YTU On Campus Member Benefits
If you would be interested to join these activities, you can go to (bit.ly/ietytuocmembership) and fill up the form to become a member with no charges applied. Members will receive monthly newsletters and other special benefits. You will get a Digital Member Card which includes your personal info, your membership ID, and the name of your membership house within 1 to 3 weeks after applying.
ဒီလို Activity တွေမှာ ပါဝင်ဖို့ စိတ်ဝင်စားတယ်ဆိုရင် (bit.ly/ietytuocmembership) မှာဝင်ရောက်ပြီး အဖွဲ့ဝင်အဖြစ် အခမဲ့ဖြည့်စွက်လျှောက်ထားလို့ရပါတယ်။ အဖွဲ့ဝင်တွေအနေနဲ့ လစဉ် Newsletter တွေအပါအဝင် အခြားအခွင့်အရေးတွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ အဖွဲ့ဝင်အဖြစ်လျှောက်ထားပြီး ၁ ပတ်ကနေ ၃ ပတ်အတွင်းမှာ အဖွဲ့ဝင်တစ်ဦးချင်းစီအနေနဲ့ ကိုယ်ရေးအချက်အလက်၊ အဖွဲ့ဝင်နံပါတ် နဲ့ သက်ဆိုင်ရာ House အကြောင်းပါဝင်တဲ့ Digital Member Card ကိုရရှိမှာဖြစ်ပါတယ်။
What are Membership Houses?
Using the data we receive from the Sorting Test, each member will belong in one of the following four Membership Houses; House of Omega, House of Epsilon, House of Lambda, and House of Gamma. Each Membership House has distinct characteristics, a patron, and a motto. If you wish to learn more about the houses, please check (https://ietytuoncampus2018.blogspot.com/2018/12/iet-ytu-on-campus-membership-houses.html)
Membership House တွေဆိုတာကတော့ အဖွဲ့ဝင်တွေအနေနဲ့ The Sorting Test ကနေ ရရှိတဲ့ အချက်အလက်အပေါ်မူတည်ပြီး House of Omega, House of Epsilon, House of Lambda, House of Gamma ဆိုပြီး House လေးခုခွဲခြားထားတာပဲဖြစ်ပါတယ်။ သက်ဆိုင်ရာ House တစ်ခုချင်းစီမှာ Characteristic တစ်မျိုးစီရှိပြီး Patron တစ်ယောက်ဆီ Motto တစ်မျိုးစီရှိပါတယ်။ House တွေအကြောင်းလေ့လာချင်ရင်တော့ (https://ietytuoncampus2018.blogspot.com/2018/12/iet-ytu-on-campus-membership-houses.html) မှာဝင်ပြီးလေ့လာလို့ရပါတယ်။
No comments:
Post a Comment