Thursday 31 January 2019

Application Ideas for The Visionaries

Note : You can click or tap on the picture to zoom.
 
Idea 1 - 3D Printing
Submitted by Kaung Min Khant, Wint Myat Noe, Nyein Chan Lay






Idea 2 - The Artificial Photographer
Submitted by Su Nandar Linn






Idea 3 - Waterproof Socket
Submitted by Zaw Min Htet






Idea 4 - New Virtual Reality
Submitted by Lwin Thiri Aung






Monday 14 January 2019

ျမန္မာလူငယ္ေတြ မေခေၾကာင္း သက္ေသျပခဲ့ၾကသူ တကၠသိုလ္ေက်ာင္းသားမ်ား



မြန်မာလူငယ်တွေလည်း မခေကြောင်း သက်သေပြခဲ့ကြသူ တက္ကသိုလ်​ကျောင်းသားများ
(Zawgyi Version)
(Unicode Version Included Below)
 

စာဖတ္သူသာ အခ်ိန္ ၄၈ နာရီအတြင္း ကမၻာေလာကႀကီးအတြက္ တီထြင္မႈတစ္ခုကို အၾကံဉာဏ္အဆင့္မွာတင္ မဟုတ္ဘဲနဲ႔ ဒီဇိုင္းဆြဲ၊ ပံုစံငယ္ျပဳလုပ္ၿပီး တင္ျပရမယ္ဆိုရင္ ဘယ္လိုအရာမ်ိဳးကို တီထြင္မလဲ။

Invent for the planet

ဒီလိုမ်ိဳးခက္ခဲတဲ့ၿပိဳင္ပြဲတစ္ခုကို Texas A&M တကၠသိုလ္ကေနဦးစီးၿပီး ၂၀၁၈ ေဖေဖာ္ဝါရီမွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။ ဒီၿပိဳင္ပြဲမွာ ေက်ာင္းသားအေယာက္ ၄၀၀ ေက်ာ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ပါတယ္။ Aggies Invent အဖြဲ႕ကေန ႏိုင္ငံ ၁၅ ႏိုင္ငံ၊ စံေတာ္ခ်ိန္ ၁၃ ခုမွ အဖြဲ႕ေတြကို ဆက္သြယ္ေပးခဲ့ၿပီး စြမ္းအင္၊ စြန္႔ပစ္ပစၥည္းစီမံခန္႔ခြဲမႈ နဲ႔ ေဆးပညာရပ္ဆိုင္ရာ စိန္ေခၚမႈေတြကို ေျဖရွင္းေစခဲ့ပါတယ္။
ဒီၿပိဳင္ပြဲမွာ ရတနာပံုဆိုင္ဘာစီးတီး နည္းပညာတကၠသိုလ္မွ Edu-LIGHTER ဆိုတဲ့ အဖြဲ႕က လၽွပ္စစ္စြမ္းအင္ထုတ္လုပ္ေပးႏိုင္တဲ့ အပ္ခ်ဳပ္စက္ကို တင္ျပခဲ့ပါတယ္။ မီးမရွိတဲ့အတြက္ ဖေယာင္းတိုင္နဲ႔ စာၾကည့္ခဲ့ရတဲ့ညေတြကို အမွတ္ရၿပီး လၽွပ္စစ္မီးမရရွိတဲ့ စုစုေပါင္းလူဦးေရရဲ႕ ၅၅ ရာခိုင္ႏႈန္းအတြက္ သယ္ယူ အသံုးျပဳရလြယ္ကူတဲ့ စြမ္းအင္အရင္းအျမစ္တစ္ခုကို တီထြင္လိုတဲ့ဆႏၵ ျပင္းျပခဲ့တဲ့အတြက္ေၾကာင့္ပဲ ျဖစ္ပါတယ္။ 

Invent ၿပိဳင္ပြဲမွာ Edu-LIGHTER အဖြဲ႕က ဒုတိယဆုကိုရရွိခဲ့ၿပီး ပထမဆုရရွိခဲ့တဲ့ Texas A&M တကၠသိုလ္မွ Illumi-Nite အဖြဲ႕နဲ႔ ပူးေပါင္းေဆာင္ရြက္ႏိုင္ဖို႔အတြက္ အေမရိကန္ႏိုင္ငံ Texas ျပည္နယ္ဆီသို႔ တစ္ပတ္တာ အခမဲ့သြားေရာက္ခြင့္ရရွိခဲ့ပါတယ္။ Illumi-Nite အဖြဲ႕ဟာ အလင္းစြမ္းအင္ကို ထိထိေရာက္ေရာက္ အေလအလြင့္နည္းနည္းနဲ႔ အသံုးျပဳေစႏိုင္မယ့္ တီထြင္မႈတစ္ခုကိုတင္ျပခဲ့တာျဖစ္ၿပီး Edu-LIGHTER ရဲ႕တီထြင္မႈကေနရရွိမယ့္ စြမ္းအင္ကို အက်ိဳးရွိရွိအသံုးျပဳေစႏိုင္ဖို႔အတြက္ အေထာက္အကူျပဳႏိုင္မွာပဲျဖစ္ပါတယ္။ ဒီလိုမ်ိဳး တီထြင္မႈႏွစ္ခုဟာ သင့္တင့္လိုက္ဖက္တဲ့အတြက္ ဒီအဖြဲ႕ႏွစ္ဖြဲ႕ဟာပူးေပါင္းၿပီးေတာ့ EDU-LITE ဆိုတဲ့ အဖြဲ႕တစ္ခုအေနနဲ႔ OPEN Minds Conference မွာဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ပါတယ္။

Texas သို႔ ခရီးစဥ္ 

ဗန္လားရြတ္၊ သီရိကိုကို၊ ဟိန္းေဒြးစံ၊ ထက္ေဝလင္း၊ ေႏွာင္းသက္ထားေဝတုိ႔ငါးေယာက္ဟာ ရန္ကုန္အထိ ၁၂ နာရီၾကာ ဘတ္စ္ကားနဲ႔သြားေရာက္ခဲ့ၿပီး ရန္ကုန္-ဘန္ေကာက္-ေဟာင္ေကာင္-တက္ဆက္စ္ ေလယာဥ္ခရီးစဥ္ကို ၃၅ နာရီၾကာ လိုက္ပါစီးနင္းခဲ့ရပါတယ္။ ဒီခရီးဟာ သူတို႔အတြက္ ပထမဦးဆံုး ႏိုင္ငံတကာခရီးစဥ္ျဖစ္ၿပီးေတာ့ သူတို႔နဲ႔အတူ USAID မွ အုပ္ထိန္းသူတစ္ဦးလိုက္ပါခဲ့ပါတယ္။
Texas A&M တကၠသိုလ္ရဲ႕ College Station မွာ တစ္ပတ္တာေနခဲ့ရတဲ့အခါ သင္ေထာက္ကူပစၥည္းကိရိယာေတြနဲ႔ သင္ၾကားမႈပံုစံေတြ အမ်ားႀကီးကြာျခားေနတာကို ေတြ႕ခဲ့ၾကရပါတယ္။ သူတို႔ဆီမွာရွိတဲ့ ႀကီးမားတဲ့ စာၾကည့္တိုက္၊ က်ယ္ဝန္းတဲ့ ေဘာလံုးကြင္းနဲ႔ စံုလင္တဲ့ ဓာတ္ခြဲခန္းသံုးပစၥည္းေတြကို အံ့ဩဖြယ္ေတြ႕ျမင္ခဲ့ရပါတယ္။ 

သဂၤဟနဲ႔ ေတြ႕ဆံုေမးျမန္းခဲ့တဲ့အခါမွာ သူတို႔ အဲ့တကၠသိုလ္မွာ တက္ေရာက္ခဲ့ရတဲ့ သင္ခန္းစာတစ္ခုအေၾကာင္းျပန္ေျပာျပခဲ့ပါတယ္။ 

"ပထမေတာ့ နည္းနည္းစိတ္လႈပ္ရွားၿပီး စိုးရမ္ေနခဲ့တာ။ ဒါေပမယ့္ အံ့အားသင့္ဖို႔ေကာင္းစြာပဲ သူတို႔ေဆြးေႏြးတာေတြကို ကၽြန္ေတာ္တို႔ ေသခ်ာလုိက္မီခဲ့တယ္။ သင္ၾကားတဲ့ပံုစံကကြာေပမယ့္ ေျပာေနတဲ့အေၾကာင္းအရာကို နားလည္ႏိုင္တယ္" လို႔ ကိုဟိန္းေဒြးစံကေျပာျပခဲ့ပါတယ္။


သူတို႔တက္ေရာက္ခဲ့တာ ေနာက္ဆံုးႏွစ္သင္တန္းအတြက္ သင္ခန္းစာတစ္ခုျဖစ္ၿပီး ဒါဟာ ျမန္မာေက်ာင္းသားေတြ အမီလိုက္ႏိုင္ဖို႔ေနာက္မက်ေသးေၾကာင္း သူတို႔အတြက္ အားတက္ေစခဲ့ပါတယ္။
အဖြဲ႕ႏွစ္ဖြဲ႕ဟာ တစ္ပတ္တာ ကာလတစ္ေလ်ာက္လံုးမွာ ေနာက္ဆံုးပူးေပါင္းျပဳလုပ္ထားတဲ့ တီထြင္မႈအတြက္ ပံုစံငယ္ေရာ တင္ျပမႈကိုေရာ ျပင္ဆင္အေခ်ာသတ္ၾကပါတယ္။ ဘာသာစကားဆက္သြယ္မႈအခက္အခဲ ရွိေပမယ့္လည္း ပူးေပါင္းေဆာင္ရြက္ရတာအဆင္ေျပခဲ့ၿပီးေတာ့ တီထြင္မႈကို ေအာင္ျမင္ၿပီးဆံုးတဲ့အထိ ေဆာင္ရြက္ႏိုင္ခဲ့ပါတယ္။ သူတို႔ရဲ႕ တီထြင္မႈဟာ ၂၂ ေဒၚလာပဲ ကုန္က်ခဲ့ၿပီး သတ္မွတ္ခ်ိန္ထက္ ေစာၿပီးခဲ့ပါတယ္။

Source: Eagle photo by Dave McDermand

OPEN Minds
Texas နဲ႔ ရတနာပံုက ေက်ာင္းသားေတြပါဝင္တဲ့ အဖြဲ႕ဟာ သူတို႔ရဲ႕ တီထြင္မႈကို Austin မွာက်င္းပျပဳလုပ္တဲ့ VentureWell 2018 OPEN Minds မွာ သြားေရာက္ျပသခဲ့ပါတယ္။
ဒီၿပိဳင္ပြဲမွာ တျခားအဖြဲ႕ေတြအေနနဲ႔ Stanford တကၠသိုလ္၊ Johns Hopkins တကၠသိုလ္၊ UC Barkley အစရွိတဲ့ တကၠသိုလ္ေတြပါဝင္ခဲ့ၿပီးေတာ့ က်န္းမာေရး၊ ပညာေရး၊ စြမ္းအင္ အစရွိတဲ့ ေခါင္းစဥ္ေတြနဲ႔ သက္ဆိုင္တဲ့ တီထြင္မႈေတြကို ျပသခဲ့ၾကပါတယ္။ EDU-LITE အဖြဲ႕ဟာ သူတို႔ရဲ႕ တီထြင္မႈအတြက္ တစ္ပတ္သာသာေလာက္သာ ရရွိခဲ့တာျဖစ္ေပမယ့္ က်န္တဲ့အဖြဲ႕ေတြကေတာ့ အခ်ိန္ေရာ ေငြေရာ အေျမာက္အျမား ရင္းႏွီးျမဳပ္ႏွံခြင့္ရခဲ့ၾကတာျဖစ္ပါတယ္။
ရိုးရာဝတ္စံုအျပည့္နဲ႔ ျမန္မာအဖြဲ႕ဝင္ေတြပါဝင္တဲ့ EDU-LITE အဖြဲ႕ဟာ "ျမန္မာႏိုင္ငံဘယ္မွာရွိသလဲ" ဆိုတဲ့ေမးခြန္းကိုေမးၿပီး ပရိသတ္ရဲ႕ အာရံုကို ရယူခဲ့ပါတယ္။ အခ်ိဳ႕ကေတာ့ အိႏၵိယ၊ တရုတ္နဲ႔ ထိုင္းႏိုင္ငံေတြနားမွာလို႔ ေျဖခဲ့ၾကေပမယ့္ ေျမပံုေပၚမွာ အတိအက်ေျပာႏိုင္ခဲ့တဲ့သူကေတာ့ မရွိသေလာက္ပါပဲ။ 


ပြဲကိုတက္ေရာက္တဲ့သူေတြအေနနဲ႔ ကိုယ္အႀကိဳက္ဆံုးတီထြင္မႈေတြမွာ ရင္းႏွီးျမဳပ္ႏွံဖို႔ တစ္ေယာက္ကို ရင္းႏွီးျမဳပ္ႏွံေငြ ၃ သန္း ဆီရရွိခဲ့ပါတယ္။ ပြဲအၿပီးမွာေတာ့ EDU-LITE အဖြဲ႕ဟာ ရင္းႏွီးျမဳပ္ႏွံေငြ စုစုေပါင္း ၇၅ သန္းရရွိခဲ့ၿပီးေတာ့ ပထမဆု ေဒၚလာ ၃၀၀၀ နဲ႔အတူ အျပတ္အသတ္အႏိုင္ရရွိခဲ့ပါတယ္။



ေလ့လာသိရွိခဲ့ရမႈမ်ား 

သူတို႔ရဲ႕ ခရီးစဥ္ကေနၿပီး ေလ့လာသိရွိခဲ့ရတဲ့ အဓိကအခ်က္ေတြကို ျမန္မာေက်ာင္းသားေတြက အခုလိုေျပာျပခဲ့ပါတယ္။ 

၁) စိတ္သႏၷိ႒ာန္
ဒီခရီးစဥ္ဟာဆိုရင္ အခ်ိန္ကန္႔သတ္ခ်က္ တင္းက်ပ္တာေတြရွိၿပီး အဖြဲ႕ဝင္ေတြဟာလည္း စြန္႔ဦးတီထြင္ၿပိဳင္ပြဲေတြမွာ ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ အေတြ႕အၾကံဳနည္းတဲ့အျပင္ ဘာသာစကားဆက္သြယ္မႈအခက္အခဲေတြလည္းရွိခဲ့ပါတယ္။ ဒါေပမယ့္လည္း အဖြဲ႕ဝင္အခ်င္းခ်င္း အားေပးခဲ့ၿပီး ေနာက္ဆံုးအခ်ိန္အထိ အေကာင္းဆံုးႀကိဳးစားဖို႔အတြက္ စိတ္သႏၷိ႒ာန္ ခ်မွတ္ခဲ့ပါတယ္။ 

၂) ေက်ာင္းသားမ်ားအတြက္ အေထာက္အပံ့
သူတို႔တက္ေရာက္ေနတဲ့တကၠသိုလ္မွာ စမ္းသပ္ခန္းပစၥည္းေတြနဲ႔ စီမံခန္႔ခြဲေရးဝန္ထမ္းအေထာက္အပံ့ေတြ ပိုၿပီးရရွိေစခ်င္ပါတယ္။ သူတို႔အေနနဲ႔ သူတို႔ရဲ႕ တီထြင္မႈကို လက္ေတြ႕ျပဳလုပ္ႏိုင္ခဲ့ၿပီး ေလ့လာခဲ့ရတဲ့ သီအိုရီေတြကို တကယ့္ျပင္ပေလာကရဲ႕ ျပႆနာေတြကို ေျဖရွင္းဖို႔ လက္ေတြ႕အသံုးခ်ႏိုင္ခဲ့ပါတယ္။ သူတို႔တကၠသိုလ္မွာပဲ တူညီတဲ့ အေထာက္အပံ့ အခြင့္အေရးေတြရရွိႏိုင္မယ္ဆိုရင္ သူတို႔လိုပဲ တျခားေက်ာင္းသားေက်ာင္းသူေတြလည္း ထူးထူးခၽြန္ခၽြန္စြမ္းေဆာင္ႏိုင္မယ္လို႔ ယံုၾကည္ၾကပါတယ္။ 

၃) အဖြဲ႕နဲ႔ ပူးေပါင္းေဆာင္ရြက္ျခင္း
ထက္ေဝလင္းအတြက္ကေတာ့ Texas က မိတ္ေဆြအသစ္ေတြနဲ႔ အဆင္ေျပေခ်ာေမြ႕စြာ ပူးေပါင္းေဆာင္ရြက္ႏိုင္ခဲ့ျခင္းကို သေဘာက်ႏွစ္ၿခိဳက္မိပါတယ္။ "သူတို႔က စကားေတာ့အမ်ားႀကီးသိပ္မေျပာဘူး၊ အနည္းဆံုးေတာ့ ကၽြန္ေတာ္တို႔အေရွ႕မွာေပါ့။ ဒါေပမယ့္ အျမဲတမ္းအခ်ိန္မွန္ၿပီး လုပ္စရာရွိတာေတြကို ေသေသခ်ာခ်ာထိထိေရာက္ေရာက္လုပ္တယ္" လို႔ေျပာျပခဲ့ပါတယ္။ ေနာက္ဆိုရင္လည္း ပေရာဂ်က္ေတြလုပ္တဲ့အခါ ဒီလိုမ်ိဳး စနစ္တက်အစီအစဥ္ခ်ၿပီးေတာ့ ထိထိေရာက္ေရာက္လုပ္ႏိုင္ဖို႔ ေမၽွာ္လင့္ပါတယ္။

ျမန္မာေက်ာင္းသားေတြအေနနဲ႔ သင့္ေတာ္တဲ့ေထာက္ပံ့မႈမ်ိဳးရရွိမယ္ဆိုရင္ ႏိုင္ငံတကာကေက်ာင္းသားေတြနဲ႔ လက္ရည္တူယွဥ္ၿပိဳင္ႏိုင္ေၾကာင္းကို ဒီေအာင္ျမင္မႈကေန သက္ေသျပခဲ့ၿပီးျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ဖြံ႕ၿဖိဳးလာတဲ့ ေစ်းကြက္မွာဆိုရင္ ပတ္ဝန္းက်င္မွာ ေတြ႕ၾကံဳေနရတဲ့ ျပႆနာကို ေျဖရွင္းလိုစိတ္ျပင္းျပတဲ့ ပါရမီရွင္ရြက္ပုန္းသီးလူငယ္မ်ားစြာရွိေနပါတယ္။ ဥပမာအေနနဲ႔ လၽွပ္စစ္မီးရရွိမႈဟာဆိုရင္ ျမန္မာႏိုင္ငံသားတိုင္းအတြက္ အေရးႀကီးတဲ့ ကိစၥရပ္တစ္ခုပဲျဖစ္ပါတယ္။ 

အျခားကမၻာတစ္ဖက္ျခမ္းက အဖြဲ႕တစ္ဖြဲ႕နဲ႔ နယ္နိမိတ္ျခားၿပီး ေဝးကြာေနေပမယ့္ ေအာင္ျမင္စြာပူးေပါင္းေဆာင္ရြက္ႏိုင္ခဲ့ျခင္းကေတာ့ ယခုေခတ္လူငယ္ေတြရဲ႕ တီထြင္ဖန္တီးႏိုင္စြမ္းနဲ႔ အကန္႔အသတ္ေတြကို ေက်ာ္လႊားႏိုင္တဲ့ အရည္အခ်င္းအတြက္ သက္ေသပဲျဖစ္ပါတယ္။ ဒီရတနာပံုဆိုင္ဘာစီးတီးနည္းပညာတကၠသိုလ္ ေက်ာင္းသားေတြရဲ႕ ေအာင္ျမင္မႈမတိုင္ခင္ လြန္ခဲ့တဲ့တစ္ႏွစ္မွာဆိုရင္လည္း ျမန္မာလူငယ္အဖြဲ႕တစ္ဖြဲ႕ဟာ Washington D.C. မွာက်င္းပတဲ့ စက္ရုပ္ၿပိဳင္ပြဲမွာ ကမၻာ့အဆင့္ ၆ ရရွိခဲ့ဖူးပါတယ္။ 

ဒီလိုမ်ိဳးေအာင္ျမင္မႈေတြဟာ အျခားဆန္းသစ္တီထြင္လိုစိတ္ရွိတဲ့ ျမန္မာလူငယ္ေတြအေနနဲ႔ ရွိတဲ့အၾကံဉာဏ္ေတြကို ပိုေကာင္းေအာင္ျပင္ဆင္ၿပီး ႏိုင္ငံတကာမွာ တင္ျပႏိုင္ဖို႔၊ ျဖစ္ႏိုင္ေခ်အရွိဆံုး တီထြင္မႈေတြကို ျပည္တြင္းမွာ လက္ေတြ႕အသံုးခ်ႏိုင္ဖို႔အတြက္ လမ္းစတစ္ခုေနနဲ႔ ျဖစ္လာမွာ အေသအခ်ာပါပဲ။

Thingaha Publication ပါ Phyo Thura Htay ၏ Invent Across the Planet: Yatanarpon Students Win in Texas ကိုဆီေလ်ာ္ေအာင္ဘာသာျပန္သည္။

ဘာသာျပန္ေရးသားသူ - ေကာင္းဇာနည္ႏိုင္


(Unicode Version)

 စာဖတ်သူသာ အချိန် ၄၈ နာရီအတွင်း ကမ္ဘာလောကကြီးအတွက် တီထွင်မှုတစ်ခုကို အကြံဉာဏ်အဆင့်မှာတင် မဟုတ်ဘဲနဲ့ ဒီဇိုင်းဆွဲ၊ ပုံစံငယ်ပြုလုပ်ပြီး တင်ပြရမယ်ဆိုရင် ဘယ်လိုအရာမျိုးကို တီထွင်မလဲ။


Invent for the planet


ဒီလိုမျိုးခက်ခဲတဲ့ပြိုင်ပွဲတစ်ခုကို Texas A&M တက္ကသိုလ်ကနေဦးစီးပြီး ၂၀၁၈ ဖေဖော်ဝါရီမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ကျောင်းသားအယောက် ၄၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ Aggies Invent အဖွဲ့ကနေ နိုင်ငံ ၁၅ နိုင်ငံ၊ စံတော်ချိန် ၁၃ ခုမှ အဖွဲ့တွေကို ဆက်သွယ်ပေးခဲ့ပြီး စွမ်းအင်၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု နဲ့ ဆေးပညာရပ်ဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းစေခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ ရတနာပုံဆိုင်ဘာစီးတီး နည်းပညာတက္ကသိုလ်မှ Edu-LIGHTER ဆိုတဲ့ အဖွဲ့က လျှပ်စစ်စွမ်းအင်ထုတ်လုပ်ပေးနိုင်တဲ့ အပ်ချုပ်စက်ကို တင်ပြခဲ့ပါတယ်။ မီးမရှိတဲ့အတွက် ဖယောင်းတိုင်နဲ့ စာကြည့်ခဲ့ရတဲ့ညတွေကို အမှတ်ရပြီး လျှပ်စစ်မီးမရရှိတဲ့ စုစုပေါင်းလူဦးရေရဲ့ ၅၅ ရာခိုင်နှုန်းအတွက် သယ်ယူ အသုံးပြုရလွယ်ကူတဲ့ စွမ်းအင်အရင်းအမြစ်တစ်ခုကို တီထွင်လိုတဲ့ဆန္ဒ ပြင်းပြခဲ့တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။


Invent ပြိုင်ပွဲမှာ Edu-LIGHTER အဖွဲ့က ဒုတိယဆုကိုရရှိခဲ့ပြီး ပထမဆုရရှိခဲ့တဲ့ Texas A&M တက္ကသိုလ်မှ Illumi-Nite အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် အမေရိကန်နိုင်ငံ Texas ပြည်နယ်ဆီသို့ တစ်ပတ်တာ အခမဲ့သွားရောက်ခွင့်ရရှိခဲ့ပါတယ်။ Illumi-Nite အဖွဲ့ဟာ အလင်းစွမ်းအင်ကို ထိထိရောက်ရောက် အလေအလွင့်နည်းနည်းနဲ့ အသုံးပြုစေနိုင်မယ့် တီထွင်မှုတစ်ခုကိုတင်ပြခဲ့တာဖြစ်ပြီး Edu-LIGHTER ရဲ့တီထွင်မှုကနေရရှိမယ့် စွမ်းအင်ကို အကျိုးရှိရှိအသုံးပြုစေနိုင်ဖို့အတွက် အထောက်အကူပြုနိုင်မှာပဲဖြစ်ပါတယ်။ ဒီလိုမျိုး တီထွင်မှုနှစ်ခုဟာ သင့်တင့်လိုက်ဖက်တဲ့အတွက် ဒီအဖွဲ့နှစ်ဖွဲ့ဟာပူးပေါင်းပြီးတော့ EDU-LITE ဆိုတဲ့ အဖွဲ့တစ်ခုအနေနဲ့ OPEN Minds Conference မှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။


Texas သို့ ခရီးစဉ်


ဗန်​လားရွတ်၊ သီရိကိုကို၊ ဟိန်းဒွေးစံ၊ ထက်ဝေလင်း၊ နှောင်းသက်ထားဝေတို့ငါးယောက်ဟာ ရန်ကုန်အထိ ၁၂ နာရီကြာ ဘတ်စ်ကားနဲ့သွားရောက်ခဲ့ပြီး ရန်ကုန်-ဘန်ကောက်-ဟောင်ကောင်-တက်ဆက်စ် လေယာဉ်ခရီးစဉ်ကို ၃၅ နာရီကြာ လိုက်ပါစီးနင်းခဲ့ရပါတယ်။ ဒီခရီးဟာ သူတို့အတွက် ပထမဦးဆုံး နိုင်ငံတကာခရီးစဉ်ဖြစ်ပြီးတော့ သူတို့နဲ့အတူ USAID မှ အုပ်ထိန်းသူတစ်ဦးလိုက်ပါခဲ့ပါတယ်။

Texas A&M တက္ကသိုလ်ရဲ့ College Station မှာ တစ်ပတ်တာနေခဲ့ရတဲ့အခါ သင်ထောက်ကူပစ္စည်းကိရိယာတွေနဲ့ သင်ကြားမှုပုံစံတွေ အများကြီးကွာခြားနေတာကို တွေ့ခဲ့ကြရပါတယ်။ သူတို့ဆီမှာရှိတဲ့ ကြီးမားတဲ့ စာကြည့်တိုက်၊ ကျယ်ဝန်းတဲ့ ဘောလုံးကွင်းနဲ့ စုံလင်တဲ့ ဓာတ်ခွဲခန်းသုံးပစ္စည်းတွေကို အံ့ဩဖွယ်တွေ့မြင်ခဲ့ရပါတယ်။


သင်္ဂဟနဲ့ တွေ့ဆုံမေးမြန်းခဲ့တဲ့အခါမှာ သူတို့ အဲ့တက္ကသိုလ်မှာ တက်ရောက်ခဲ့ရတဲ့ သင်ခန်းစာတစ်ခုအကြောင်းပြန်ပြောပြခဲ့ပါတယ်။


"ပထမတော့ နည်းနည်းစိတ်လှုပ်ရှားပြီး စိုးရမ်နေခဲ့တာ။ ဒါပေမယ့် အံ့အားသင့်ဖို့ကောင်းစွာပဲ သူတို့ဆွေးနွေးတာတွေကို ကျွန်တော်တို့ သေချာလိုက်မီခဲ့တယ်။ သင်ကြားတဲ့ပုံစံကကွာပေမယ့် ပြောနေတဲ့အကြောင်းအရာကို နားလည်နိုင်တယ်" လို့ ကိုဟိန်းဒွေးစံကပြောပြခဲ့ပါတယ်။



သူတို့တက်ရောက်ခဲ့တာ နောက်ဆုံးနှစ်သင်တန်းအတွက် သင်ခန်းစာတစ်ခုဖြစ်ပြီး ဒါဟာ မြန်မာကျောင်းသားတွေ အမီလိုက်နိုင်ဖို့နောက်မကျသေးကြောင်း သူတို့အတွက် အားတက်စေခဲ့ပါတယ်။

အဖွဲ့နှစ်ဖွဲ့ဟာ တစ်ပတ်တာ ကာလတစ်လျောက်လုံးမှာ နောက်ဆုံးပူးပေါင်းပြုလုပ်ထားတဲ့ တီထွင်မှုအတွက် ပုံစံငယ်ရော တင်ပြမှုကိုရော ပြင်ဆင်အချောသတ်ကြပါတယ်။ ဘာသာစကားဆက်သွယ်မှုအခက်အခဲ ရှိပေမယ့်လည်း ပူးပေါင်းဆောင်ရွက်ရတာအဆင်ပြေခဲ့ပြီးတော့ တီထွင်မှုကို အောင်မြင်ပြီးဆုံးတဲ့အထိ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ တီထွင်မှုဟာ ၂၂ ဒေါ်လာပဲ ကုန်ကျခဲ့ပြီး သတ်မှတ်ချိန်ထက် စောပြီးခဲ့ပါတယ်။



OPEN Minds

Texas နဲ့ ရတနာပုံက ကျောင်းသားတွေပါဝင်တဲ့ အဖွဲ့ဟာ သူတို့ရဲ့ တီထွင်မှုကို Austin မှာကျင်းပပြုလုပ်တဲ့ VentureWell 2018 OPEN Minds မှာ သွားရောက်ပြသခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ တခြားအဖွဲ့တွေအနေနဲ့ Stanford တက္ကသိုလ်၊ Johns Hopkins တက္ကသိုလ်၊ UC Barkley အစရှိတဲ့ တက္ကသိုလ်တွေပါဝင်ခဲ့ပြီးတော့ ကျန်းမာရေး၊ ပညာရေး၊ စွမ်းအင် အစရှိတဲ့ ခေါင်းစဉ်တွေနဲ့ သက်ဆိုင်တဲ့ တီထွင်မှုတွေကို ပြသခဲ့ကြပါတယ်။ EDU-LITE အဖွဲ့ဟာ သူတို့ရဲ့ တီထွင်မှုအတွက် တစ်ပတ်သာသာလောက်သာ ရရှိခဲ့တာဖြစ်ပေမယ့် ကျန်တဲ့အဖွဲ့တွေကတော့ အချိန်ရော ငွေရော အမြောက်အမြား ရင်းနှီးမြုပ်နှံခွင့်ရခဲ့ကြတာဖြစ်ပါတယ်။

ရိုးရာဝတ်စုံအပြည့်နဲ့ မြန်မာအဖွဲ့ဝင်တွေပါဝင်တဲ့ EDU-LITE အဖွဲ့ဟာ "မြန်မာနိုင်ငံဘယ်မှာရှိသလဲ" ဆိုတဲ့မေးခွန်းကိုမေးပြီး ပရိသတ်ရဲ့ အာရုံကို ရယူခဲ့ပါတယ်။ အချို့ကတော့ အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတွေနားမှာလို့ ဖြေခဲ့ကြပေမယ့် မြေပုံပေါ်မှာ အတိအကျပြောနိုင်ခဲ့တဲ့သူကတော့ မရှိသလောက်ပါပဲ။ 



ပွဲကိုတက်ရောက်တဲ့သူတွေအနေနဲ့ ကိုယ်အကြိုက်ဆုံးတီထွင်မှုတွေမှာ ရင်းနှီးမြုပ်နှံဖို့ တစ်ယောက်ကို ရင်းနှီးမြုပ်နှံငွေ ၃ သန်း ဆီရရှိခဲ့ပါတယ်။ ပွဲအပြီးမှာတော့ EDU-LITE အဖွဲ့ဟာ ရင်းနှီးမြုပ်နှံငွေ စုစုပေါင်း ၇၅ သန်းရရှိခဲ့ပြီးတော့ ပထမဆု ဒေါ်လာ ၃၀၀၀ နဲ့အတူ အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။



လေ့လာသိရှိခဲ့ရမှုများ


သူတို့ရဲ့ ခရီးစဉ်ကနေပြီး လေ့လာသိရှိခဲ့ရတဲ့ အဓိကအချက်တွေကို မြန်မာကျောင်းသားတွေက အခုလိုပြောပြခဲ့ပါတယ်။


၁) စိတ်သန္နိဋ္ဌာန်

ဒီခရီးစဉ်ဟာဆိုရင် အချိန်ကန့်သတ်ချက် တင်းကျပ်တာတွေရှိပြီး အဖွဲ့ဝင်တွေဟာလည်း စွန့်ဦးတီထွင်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အတွေ့အကြုံနည်းတဲ့အပြင် ဘာသာစကားဆက်သွယ်မှုအခက်အခဲတွေလည်းရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အဖွဲ့ဝင်အချင်းချင်း အားပေးခဲ့ပြီး နောက်ဆုံးအချိန်အထိ အကောင်းဆုံးကြိုးစားဖို့အတွက် စိတ်သန္နိဋ္ဌာန် ချမှတ်ခဲ့ပါတယ်။


၂) ကျောင်းသားများအတွက် အထောက်အပံ့

သူတို့တက်ရောက်နေတဲ့တက္ကသိုလ်မှာ စမ်းသပ်ခန်းပစ္စည်းတွေနဲ့ စီမံခန့်ခွဲရေးဝန်ထမ်းအထောက်အပံ့တွေ ပိုပြီးရရှိစေချင်ပါတယ်။ သူတို့အနေနဲ့ သူတို့ရဲ့ တီထွင်မှုကို လက်တွေ့ပြုလုပ်နိုင်ခဲ့ပြီး လေ့လာခဲ့ရတဲ့ သီအိုရီတွေကို တကယ့်ပြင်ပလောကရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ လက်တွေ့အသုံးချနိုင်ခဲ့ပါတယ်။ သူတို့တက္ကသိုလ်မှာပဲ တူညီတဲ့ အထောက်အပံ့ အခွင့်အရေးတွေရရှိနိုင်မယ်ဆိုရင် သူတို့လိုပဲ တခြားကျောင်းသားကျောင်းသူတွေလည်း ထူးထူးချွန်ချွန်စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ကြပါတယ်။


၃) အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း

ထက်ဝေလင်းအတွက်ကတော့ Texas က မိတ်ဆွေအသစ်တွေနဲ့ အဆင်ပြေချောမွေ့စွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းကို သဘောကျနှစ်ခြိုက်မိပါတယ်။ "သူတို့က စကားတော့အများကြီးသိပ်မပြောဘူး၊ အနည်းဆုံးတော့ ကျွန်တော်တို့အရှေ့မှာပေါ့။ ဒါပေမယ့် အမြဲတမ်းအချိန်မှန်ပြီး လုပ်စရာရှိတာတွေကို သေသေချာချာထိထိရောက်ရောက်လုပ်တယ်" လို့ပြောပြခဲ့ပါတယ်။ နောက်ဆိုရင်လည်း ပရောဂျက်တွေလုပ်တဲ့အခါ ဒီလိုမျိုး စနစ်တကျအစီအစဉ်ချပြီးတော့ ထိထိရောက်ရောက်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။


မြန်မာကျောင်းသားတွေအနေနဲ့ သင့်တော်တဲ့ထောက်ပံ့မှုမျိုးရရှိမယ်ဆိုရင် နိုင်ငံတကာကကျောင်းသားတွေနဲ့ လက်ရည်တူယှဉ်ပြိုင်နိုင်ကြောင်းကို ဒီအောင်မြင်မှုကနေ သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးလာတဲ့ စျေးကွက်မှာဆိုရင် ပတ်ဝန်းကျင်မှာ တွေ့ကြုံနေရတဲ့ ပြဿနာကို ဖြေရှင်းလိုစိတ်ပြင်းပြတဲ့ ပါရမီရှင်ရွက်ပုန်းသီးလူငယ်များစွာရှိနေပါတယ်။ ဥပမာအနေနဲ့ လျှပ်စစ်မီးရရှိမှုဟာဆိုရင် မြန်မာနိုင်ငံသားတိုင်းအတွက် အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုပဲဖြစ်ပါတယ်။


အခြားကမ္ဘာတစ်ဖက်ခြမ်းက အဖွဲ့တစ်ဖွဲ့နဲ့ နယ်နိမိတ်ခြားပြီး ဝေးကွာနေပေမယ့် အောင်မြင်စွာပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းကတော့ ယခုခေတ်လူငယ်တွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ အကန့်အသတ်တွေကို ကျော်လွှားနိုင်တဲ့ အရည်အချင်းအတွက် သက်သေပဲဖြစ်ပါတယ်။ ဒီရတနာပုံဆိုင်ဘာစီးတီးနည်းပညာတက္ကသိုလ် ကျောင်းသားတွေရဲ့ အောင်မြင်မှုမတိုင်ခင် လွန်ခဲ့တဲ့တစ်နှစ်မှာဆိုရင်လည်း မြန်မာလူငယ်အဖွဲ့တစ်ဖွဲ့ဟာ Washington D.C. မှာကျင်းပတဲ့ စက်ရုပ်ပြိုင်ပွဲမှာ ကမ္ဘာ့အဆင့် ၆ ရရှိခဲ့ဖူးပါတယ်။


ဒီလိုမျိုးအောင်မြင်မှုတွေဟာ အခြားဆန်းသစ်တီထွင်လိုစိတ်ရှိတဲ့ မြန်မာလူငယ်တွေအနေနဲ့ ရှိတဲ့အကြံဉာဏ်တွေကို ပိုကောင်းအောင်ပြင်ဆင်ပြီး နိုင်ငံတကာမှာ တင်ပြနိုင်ဖို့၊ ဖြစ်နိုင်ချေအရှိဆုံး တီထွင်မှုတွေကို ပြည်တွင်းမှာ လက်တွေ့အသုံးချနိုင်ဖို့အတွက် လမ်းစတစ်ခုနေနဲ့ ဖြစ်လာမှာ အသေအချာပါပဲ။
Thingaha Publication ပါ Phyo Thura Htay ၏ Invent Across the Planet: Yatanarpon Students Win in Texas ကိုဆီလျော်အောင်ဘာသာပြန်သည်။

ဘာသာပြန်ရေးသားသူ - ကောင်းဇာနည်နိုင်

Tuesday 1 January 2019

The Visionaries - Online Ideation Challenge


(Zawgyi)

"Nothing is Impossible.
It's just not yet Possible."

Artificial Intelligence, Quantum Computing, Augmented Reality, Virtual Reality အစရွိတဲ့ ကၽြန္ေတာ္တို႔လက္ရွိအခ်ိန္မွာ အသံုးျပဳေနတဲ့နည္းပညာေတြကို လြန္ခဲ့တဲ့ အႏွစ္ ၂၀ ေလာက္တုန္းကလူေတြ ဘယ္လိုမွ ျဖစ္ႏိုင္မယ္လို႔ထင္ခဲ့မွာမဟုတ္ပါဘူး။ အဲ့ဒီ့လိုပဲ ေနာက္အႏွစ္ ၂၀ ဆိုရင္ေရာ လူသားေတြအေနနဲ႔ ဘယ္လိုမ်ိဳးနည္းပညာေတြကို အသံုးခ်ေနေလာက္မလဲ?




ဒီေမးခြန္းရဲ႕အေျဖကို အတူတကြအေျဖရွာၾကဖို႔အတြက္ IET YTU On Campus ကေနၿပီး The Visionaries လို႔အမည္ရတဲ့ Ideation Challenge တစ္ခုကို စီစဥ္ထားပါတယ္။ ဒီ Challenge မွာ ပါဝင္ယွဥ္ၿပိဳင္မယ့္သူေတြအေနနဲ႔ ေနာင္အႏွစ္ ၂၀ မွာ လူသားေတြ အသံုးျပဳေနေလာက္မယ့္ နည္းပညာတစ္ခု အေၾကာင္းကို စဥ္းစားေဖာ္ထုတ္ရမွာျဖစ္ပါတယ္။ အဲ့နည္းပညာဟာ လံုးဝအသစ္စက္စက္ျဖစ္ႏိုင္သလို လက္ရွိအခ်ိန္မွာ ရွိၿပီးသားနည္းပညာတစ္ခုရဲ႕ အဆင့္ျမင့္ပံုစံလည္းျဖစ္ႏိုင္ပါတယ္။ ဒီနည္းပညာကိုစဥ္းစားတဲ့အခါ စာအုပ္ေတြ ရုပ္ရွင္ေတြကို ကိုးကားလို႔ရတဲ့အျပင္ ကိုယ္ပိုင္တီထြင္ဉာဏ္ကို အသံုးခ်ဖို႔ အဓိကတိုက္တြန္းလိုပါတယ္။



ပါဝင္ယွဥ္ၿပိဳင္ႏိုင္ဖို႔အတြက္ -
၁) အသင္းတစ္သင္းမွာ အနည္းဆံုး တစ္ေယာက္ကေန အမ်ားဆံုး ၃ ေယာက္အထိပါဝင္ႏိုင္ပါတယ္။
၂) အသင္းသားအကုန္လံုးဟာ IET YTU On Campus ရဲ႕ Member ျဖစ္ၿပီးသား(သို႔မဟုတ္) ျဖစ္ရန္ေလၽွာက္ထားဆဲျဖစ္ရပါမယ္။ (bit.ly/ietytuocmembership မွာေလၽွာက္ထားႏိုင္ပါတယ္)
၃) ၁၆.၁.၂၀၁၉ မတိုင္ခင္မွာ bit.ly/TheVisionaries မွာ Application Form ကိုျဖည့္ၿပီး Powerpoint Presentation တစ္ခုနဲ႔အတူ Submit လုပ္ရပါမယ္။

 


Powerpoint Presentation မွာ
1) Design Concept
2) Description
3) How it works
4) Application ဆိုတဲ့ အခ်က္ ၄ ခ်က္ပါဝင္ရမွာျဖစ္ၿပီး အမ်ားဆံုး Slide 5 ခုအထိပဲပါရမွာျဖစ္ပါတယ္။ 



ၿပိဳင္ပြဲဝင္ေတြရဲ႕ Powerpoint Presentation ေတြကို 2019 Jan 17 မွာ https://ietytuoncampus.blogspot.com မွာ တင္ေပးသြားမွာျဖစ္ၿပီး Public Voting လက္ခံသြားမွာျဖစ္ပါတယ္။ Public Voting ကို 50% နဲ႔ အကဲျဖတ္သူေတြကေပးတဲ့ Score ကို 50% ႏွစ္ခုေပါင္းရမွတ္ အမ်ားဆံုးသူကေတာ့ Winner Trophy ကိုရရွိမွာပဲျဖစ္ပါတယ္။

The Visionaries နဲ႔ အတူ ေနာင္အႏွစ္ ၂၀ ကို အတူေမၽွာ္ေတြးၾကည့္ၾကရေအာင္။ 


(Unicode)

"Nothing is Impossible.
It's just not yet Possible."

Artificial Intelligence, Quantum Computing, Augmented Reality, Virtual Reality အစရှိတဲ့ ကျွန်တော်တို့လက်ရှိအချိန်မှာ အသုံးပြုနေတဲ့နည်းပညာတွေကို လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်တုန်းကလူတွေ ဘယ်လိုမှ ဖြစ်နိုင်မယ်လို့ထင်ခဲ့မှာမဟုတ်ပါဘူး။ အဲ့ဒီ့လိုပဲ နောက်အနှစ် ၂၀ ဆိုရင်ရော လူသားတွေအနေနဲ့ ဘယ်လိုမျိုးနည်းပညာတွေကို အသုံးချနေလောက်မလဲ?


 
ဒီမေးခွန်းရဲ့အဖြေကို အတူတကွအဖြေရှာကြဖို့အတွက် IET YTU On Campus ကနေပြီး The Visionaries လို့အမည်ရတဲ့ Ideation Challenge တစ်ခုကို စီစဉ်ထားပါတယ်။ ဒီ Challenge မှာ ပါဝင်ယှဉ်ပြိုင်မယ့်သူတွေအနေနဲ့ နောင်အနှစ် ၂၀ မှာ လူသားတွေ အသုံးပြုနေလောက်မယ့် နည်းပညာတစ်ခု အကြောင်းကို စဉ်းစားဖော်ထုတ်ရမှာဖြစ်ပါတယ်။ အဲ့နည်းပညာဟာ လုံးဝအသစ်စက်စက်ဖြစ်နိုင်သလို လက်ရှိအချိန်မှာ ရှိပြီးသားနည်းပညာတစ်ခုရဲ့ အဆင့်မြင့်ပုံစံလည်းဖြစ်နိုင်ပါတယ်။ ဒီနည်းပညာကိုစဉ်းစားတဲ့အခါ စာအုပ်တွေ ရုပ်ရှင်တွေကို ကိုးကားလို့ရတဲ့အပြင် ကိုယ်ပိုင်တီထွင်ဉာဏ်ကို အသုံးချဖို့ အဓိကတိုက်တွန်းလိုပါတယ်။
 
ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် -
၁) အသင်းတစ်သင်းမှာ အနည်းဆုံး တစ်ယောက်ကနေ အများဆုံး ၃ ယောက်အထိပါဝင်နိုင်ပါတယ်။
၂) အသင်းသားအကုန်လုံးဟာ IET YTU On Campus ရဲ့ Member ဖြစ်ပြီးသား(သို့မဟုတ်) ဖြစ်ရန်လျှောက်ထားဆဲဖြစ်ရပါမယ်။ (bit.ly/ietytuocmembership မှာလျှောက်ထားနိုင်ပါတယ်)
၃) ၁၆.၁.၂၀၁၉ မတိုင်ခင်မှာ bit.ly/TheVisionaries မှာ Application Form ကိုဖြည့်ပြီး Powerpoint Presentation တစ်ခုနဲ့အတူ Submit လုပ်ရပါမယ်။
 
Powerpoint Presentation မှာ
1) Design Concept
2) Description
3) How it works
4) Application ဆိုတဲ့ အချက် ၄ ချက်ပါဝင်ရမှာဖြစ်ပြီး အများဆုံး Slide 5 ခုအထိပဲပါရမှာဖြစ်ပါတယ်။
 
ပြိုင်ပွဲဝင်တွေရဲ့ Powerpoint Presentation တွေကို 2019 Jan 17 မှာ https://ietytuoncampus.blogspot.com မှာ တင်ပေးသွားမှာဖြစ်ပြီး Public Voting လက်ခံသွားမှာဖြစ်ပါတယ်။ Public Voting ကို 50% နဲ့ အကဲဖြတ်သူတွေကပေးတဲ့ Score ကို 50% နှစ်ခုပေါင်းရမှတ် အများဆုံးသူကတော့ Winner Trophy ကိုရရှိမှာပဲဖြစ်ပါတယ်။

The Visionaries နဲ့ အတူ နောင်အနှစ် ၂၀ ကို အတူမျှော်တွေးကြည့်ကြရအောင်။